စတုတ္ထအကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်းကပ်လှူပွဲတော်

မင်္ဂလသုခကျောင်း၌ စတုတ္ထအကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်း ကပ်လှူပွဲတော်ကို အဖွားဒေါ်စိန်ညွှန့် နှင့် ဒေါ်ကြင်ဝမ် တို့မှ မတည်၍ သံဃာတော်များအား ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း နှင့် မင်္ဂလသုခကျောင်း ဒါယကာ၊ ဒါယိကာမများကလည်း ကြွရောက်လာကြသော ဧည့်သည်တော်များအား မြန်မာ့ရိုးရာထမင်းဟင်း၊ အအေး၊ ဖျော်ရည်၊ မြန်မာမုန့်မျိုးစုံတို့ဖြင့် စုံလင်စွာ ဧည့်ခံကျွေးမွေးပါမည်။ သို့ပါ၍ မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား ကုသိုလ်ယူပါဝင်နိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။
မင်္ဂလသုခကျောင်း စုပေါင်းကထိန်သင်္ကန်းကပ်လှူပွဲတော်ကို အောက်ပါအစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။







