စစ်ကိုင်း ကျစွာ ဝါးချက်ဆရာတော်ဘုရားကြီး တရားပွဲ

အနောက်သြစတေးလျ ပါသ့်မြို့ မင်္ဂလသုခကျောင်း
ကမ္ဘာ့သာသနာပြု စစ်ကိုင်း ကျစွာ ဝါးချက်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တလက္ခဏ
တရားပွဲ
ဖိတ်ကြားလွှာ

ပါသ့်မြို့နှင့် အနီးတဝိုက်တွင် မှီတင်းနေထိုင်ကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာ...
မင်္ဂလသုခကျောင်း (Girrawheen, Western Australia) ၌ ၂၄-၁၁-၂၀၁၃ (တနင်္ဂနွေနေ့) နံနက် (၁၁:၀၀) နာရီ အချိန်တွင် ကမ္ဘာ့သာသနာပြု စစ်ကိုင်း ကျစွာ ဝါးချက်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တလက္ခဏ နှင့် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး နေ့လည် ၁၂:၃၀ နာရီ အချိန်တွင် ဆရာတော်ဘုရားကြီးမှ နိဗ္ဗာန်ရောက်ကြောင်းတရားများကို ဟောကြားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ တရားချစ်ခင်သူတော်စင်အပေါင်း မည်သူမဆို ဆရာတော်ကြီးအား ဖူးမျှော်၍ နိဗ္ဗာန်ရောက် ကြောင်းတရားတော်များ နာယူနိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေရာ - 76,Templeton Crescent Girrawheen WA 6064
ဆက်သွယ်ရန် -
ဆရာတော် ဦးပညာစက္က
မင်္ဂလသုခကျောင်း - 08 6161 7980

ကားများကို Newpark Shopping Centre ဝင်းအတွင်း၌ ရပ်နားနိုင်ပါသည်။