"သောက်သုံးရေပြတ်လပ်မှု" ရံပုံငွေ ဈေးရောင်းပွဲတော် စာရင်းချုပ် အစီရင်ခံလွှာ
သို့
အလှူရှင် တိုင်းရင်းသား ပြည်သူများအားလုံး
အနောက်သြစတေးလျပြည်နယ်
မြန်မာနိုင်ငံတွင် အပူချိန်လွန်ကဲမှုကြောင့် သောက်သုံးရေ ပြတ်လပ်မှုနှင့် အရေးပေါ်ဆေးကုသမှု ခံယူနေကြသော ပြည်သူများအတွက် ရန်ပုံငွေရှာ ဈေးရောင်းပွဲတော် စာရင်းချုပ် အစီရင်ခံလွှာ
၁။ အထက်ပါဈေးရောင်းပွဲတော်ကို မင်္ဂလသုခကျောင်းတော်။ 76 Templeton Cresent တွင် ၃၀ - ၅ - ၂၀၁၀ နေ့ နံက် ၉ နာရီမှ မွန်လွဲ ၂ နာရီအထိ အရှင်တေဇနိယနှင့် အရှင် ပညာစက္ကတို့၏ နာယကပြုမှုဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါသည်။
၂။ ဤဈေးရောင်းပွဲတော်ဖြစ်မြောက်ရေးအတွက် နဝကမ္မကုသိုလ်၊ လုပ်အား ဥာဏ်အားကုသိုလ် အရပ်ရပ်တို့ဖြင့် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြသော အလှူရှင်များ၊ တိုင်းရင်းသား အစုအဖွဲ့များနှင့် အထူးအားဖြင့် အချိန်တိုအတွင်း ဤ ဈေးရောင်းပွဲတော်ဖြစ်မြောက်အောင် ဝိုင်းဝန်းပံ့ပိုးပေးကြသော ဝေယျာဝေစ္စ ကုသိုလ်ရှင်များအဖွဲ့၏ စေတနာဒါနကို ကျေးဇူးတင် ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ကြစေရန် ဖေါ်ပြအပ်ပါသည်။
၃။ ဤဈေးရောင်းပွဲတော်မှ သီးခြားအလှူငွေ အရပ်ရပ်အပါအဝင် စုစုပေါင်း AUD- 9400.00 ( သြစတေးလျဒေါ်လာ ကိုးထောင်လေးရာတိတိ) ကို အလှူခံရရှိကြောင်း အသိပေးတင်ပြအပ်ပါသည်။
၎။ ဤအလှူငွေအားလုံး( မြန်မာကျပ်ငွေ ရှစ်ဆယ့်လေးသိန်း ခြောက်သောင်းတိတိ) ကို သီတဂူ ရေအလှူတော်( ဥဒကဒါန) နှင့် သီတဂူဆေးအလှူတော် (ဘေသဇ္ဖဒါန) တို့အတွက် နေ့စွဲဖြင့် အောက်ပါအလှူခံဌာနသို့ လွဲပြောင်းပေးအပ်ပြီးဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ သီတဂူ သာသနာပြုအဖွဲ့
အမှတ် ၁၀ ။ ပင်လုံလမ်းနှင့် ပါရမီလမ်း
ဒဂုံမြို့သစ်မြောက်ပိုင်း ၊ ရန်ကုန်။
၅။ အလှူရှင်များနှင့် ကောက်ခံရငွေ စာရင်းကို ဤအစီရင်ခံလွှာနှင့်အတူ ပူတွဲတင်ပြအပ်ပါသည်။
၆။ သီတဂူသာသနာပြုအဖွဲ့၏ အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာကို ပူတွဲတင်ပြအပ်ပါသည်။
၇။ ဤကုသိုလ်ကောင်းမှု အစုစုအတွက် နာယက ဆရာတော်များနှင့် အကျိုးဆောင်များအားလုံးက ဝမ်းမြောက်ကျေးဇူးတင် သာဓုခေါ်ဆိုအပ်ပါကြောင်း။
နာယက ဆရာတော်များ
- အရှင် တေဇနိယ
- အရှင် ပညာစက္က
ငွေစာရင်း အပ်နှံသူ
- ဒေါ်စန္ဒရာ ( Sandra)
ငွေလွှဲတာဝန်
- ကိုစည်သူထွန်း - ၁
- အစီရင်ခံစာ
- အရှင်တေဇနိယ
- ကိုစည်သူထွန်း -၂
- ကိုထွန်းမင်းမြတ်







