မိုးကုတ်ဝိပဿနာအောင်ဆန်းဆရာတော်တရားစခန်းပွဲ - ၁၂-၁၁-၂၀၁၁ မှ ၁၇-၁၁-၂၀၁၁
Created by mingalathukha on Tue, 11/01/2011 - 23:26
ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာ...
မင်္ဂလသုခကျောင်း (Perth, WA) ၌ ၁၂-၁၁-၂၀၁၁ (စနေနေ့) ည (၇) နာရီ အချိန်တွင် မိုးကုတ်ဝိပဿနာ အောင်ဆန်းဆရာတော်ဘုရားကြီး မှ နိဗ္ဗာန်ရောက်ကြောင်းတရားများကို ဟောကြားမည် ဖြစ်ပါသည်။ ထို့အပြင် ၁၃-၁၁-၂၀၁၁ (တနင်္ဂနွေနေ့) မှစတင်၍ ၁၇-၁၁-၂၀၁၁ (ကြာသပတေးနေ့) အထိ ငါးရက်တိုင်တိုင် တရားစခန်းနှင့် ညစဉ် ည(၇)နာရီတိုင်း တရားပွဲများကိုလည်း ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ တရားချစ်ခင်သူတော်စင်အပေါင်း မည်သူမဆို ၀ိပဿနာပွားများ အားထုတ်နိုင်ရန် နှင့် သစ္စာလေးပါးတရားတော်များ နာယူနိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေရာ - 76,Templeton Crescent Girrawheen WA 6064
ဆက်သွယ်ရန် -
မင်္ဂလသုခကျောင်း - 08 6364 3886
ဦးပညာစက္က - 04 2157 6749
အရှင်တေဇနိယ - 04 2358 8488







