Created by mingalathukha on Sat, 05/11/2013 - 01:30
Perth မြို့ Girrawheen ရပ်ကွက်ရှိ မင်္ဂလသုခ ဝိဟာရတွင် လွန်ခဲ့သော ၂၀၀၉ မှစ၍ ပြည်တွင်း ပြည်ပ လူမှုရေး၊ ကယ်ဆယ်ရေး၊ ဘာသာသာသနာ အကျိုးပြု အလှူဒါနများစွာ ဆောင်ရွက်လျက်ရှိခဲ့ပါသည်။
၁.၃.၂၀၀၉ တွင် Victorian Bush Fire အတွက် Australian Red Cross Bush Fire Relief Appeal ကို AUD 3600 လှူဒါန်းခဲ့ကြပါသည်။
၃၀.၅.၂၀၁၀ တွင် မြန်မာနိုင်ငံရေပြတ်လပ်မှုအတွက် ကူညီရန် သီတဂူဆရာတော်ဘုရားကြီး ကြီးမှုးသော သီတဂူအပြည်ပြည်ဆိုင်ရာဗုဒ္ဓသာသနာပြုအဖွဲ့အား မြန်မာငွေကျပ် ၈၄ သိန်း ၆ သောင်း (၈,၄၆၀,၀၀၀/-) ကိုလှူဒါန်းနိုင်ခဲ့ကြပါသည်။
Created by mingalathukha on Tue, 04/30/2013 - 12:23
ပြည်သူ့ဂုဏ်ရည် ဦးကျော်သူ သည် ၂၀၀၀ ခုနှစ်မှစ၍ တည်ထောင်လာခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်)၊ သုခကုသိုလ်ဖြစ်ဆေးခန်း၊ သုခအလင်းစာကြည့်တိုက် အစရှိသော လူမျိုးဘာသာဆင်းရဲချမ်းသာမရွေး၊ ခုနှစ်ရက် သားသမီးတို့အား အခမဲ့ကူညီဆောင်ရွက်ပေးမှုတို့ကို အားပေးကူညီရန် မင်္ဂလသုခကျောင်းမှ မုန့်ဟင်းခါး၊ အကြော်စုံ၊ အသုပ်စုံ၊ မြန်မာ့ရိုးရာ မုန့်မျိုးစုံ စသည်တို့ ရောင်းချ၍ ရရှိသည့်ရံပုံငွေများကို တိုက်ရိုက်လှူဒါန်းပါမည်။
နေ့ရက် ၂၀၁၃ ခုနှစ် မေလ ၅ ရက်
အချိန် နံနက် ၉ နာရီ မှ နေ့လည် ၂ နာရီ
နေရာ မင်္ဂလသုခ၀ိဟာရ 76 Templeton Crescent, Girrawheen
ဖုန်း 6161 7980
Created by mingalathukha on Mon, 04/01/2013 - 16:25
၁၁-၄-၂၀၁၃ မှ ၂၅-၄-၂၀၁၃ အထိ ရန်ကုန်မြို့ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက် ပဓာန နာယက တိပိဋကဓရ တိပိဋကကောဝိဒ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘုရားကြီး သြစတေးလျှနိုင်ငံ ပါသ့်မြို့သို့ ကြွရောက်မည်ဖြစ်ကာ မင်္ဂလသုခကျောင်းတွင် သီတင်းသုံးနေထိုင်တော်မူမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ၊ ဗုဒ္ဓဟူး ညတိုင်း ကြွရောက်လာသော ပရိသတ်များအား နိဗ္ဗာန်ရောက်ကြောင်း တရားရေအေး တိုက်ကျွေးမည်ဖြစ်ပါသည်။
Created by mingalathukha on Mon, 04/01/2013 - 16:21
အနောက်သြစတြေးလျားနိုင်ငံ၊ ပါသ်မြို့နှင့်အနီးပတ်ဝန်းကျင်မြို့များတွင် နေထိုင်ကြသော မိသားစုများ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးကို အထူးဖိတ်ကြားအပ်ပါသည်။ မြန်မာတို့၏ နှစ်သစ်မင်္ဂလာအခါသမယ ရိုးရာသက်ကြီးပူဇော်ပွဲကို မင်္ဂလသုခကျောင်း၌ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ယခုနှစ်သက်ကြီးပူဇော်ပွဲတွင် ထူးခြားသည့် အစီအစဉ်တစ်ရပ်အနေဖြင့် ရန်ကုန်မြို့ တိပိဋက မဟာဂန္ထဝင်နိကာယ်ကျောင်းတိုက် ပဓာန နာယက တိပိဋကဓရ တိပိဋကကောဝိဒ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ ရေစကြိုဆရာတော် ဘုရားကြီး ဘဒ္ဒန္တဝါယာမိန္ဒာ ဘိဝံသ မှ သက်ကြီးပူဇော်ပွဲသို့ ကြွရောက်ချီးမြှင့်ကာ ကြွရောက်လာ
Created by mingalathukha on Mon, 01/21/2013 - 10:09
အနောက်သြစတြေးလျားနိုင်ငံ၊ ပါသ်မြို့နှင့်အနီးပတ်ဝန်းကျင်မြို့များတွင် နေထိုင်ကြသော
မိသားစုများ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးကို
အထူးဖိတ်ကြားအပ်ပါသည်။
မြန်မာ့ရိုးရာဓလေ့ စုပေါင်းထမနဲထိုးပွဲကို မင်္ဂလသုခကျောင်းတွင် ယခုလာမည့်
၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလ ၉ ရက်နေ့ စနေညနေ ၃ နာရီအချိန်တွင် စတင်၍
ကျင်းပမည်ဖြစ်ပါသည်။
နောက်တနေ့ ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ တနင်္ဂနွေနံနက် ၉ နာရီ မှ နေ့လည် ၁ နာရီအထိ
ကြွရောက်လာကြသော မိတ်ဆွေသင်္ဂဟအပေါင်းတို့အား ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။
အားလုံး ပါဝင်ဆင်နွှဲကြပါရန် အထူးဖိတ်ကြားအပ်ပါသည်။
Created by mingalathukha on Thu, 01/03/2013 - 01:47
အနောက်သြစတေးလျ ပါသ့်မြို့ မင်္ဂလသုခကျောင်း
ကမ္ဘာ့သာသနာပြု စစ်ကိုင်း ကျစွာ ဝါးချက်ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တလက္ခဏ
တရားပွဲ
ဖိတ်ကြားလွှာ
ပါသ့်မြို့နှင့် အနီးတဝိုက်တွင် မှီတင်းနေထိုင်ကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျာ...
မင်္ဂလသုခကျောင်း (Girrawheen, Western Australia) ၌ ၆-၁-၂၀၁၃ (တနင်္ဂနွေနေ့) နံနက် (၁၀:၃၀) နာရီ အချိန်တွင် ကမ္ဘာ့သာသနာပြု စစ်ကိုင်း ကျစွာ ဝါးချက်ဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တလက္ခဏ နှင့် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းမည်ဖြစ်ပြီး နေ့လည် ၁၂:၃၀ နာရီ အချိန်တွင် ဆရာတော်ဘုရားကြီးမှ နိဗ္ဗာန်ရောက်ကြောင်းတရားများကို ဟောကြားမည် ဖြစ်ပါသည်။
Created by mingalathukha on Sun, 10/21/2012 - 08:33
မင်္ဂလသုခကျောင်း၌ ပဉ္စမအကြိမ်မြောက် စုပေါင်းကထိန်သင်္ကန်း ကပ်လှူပွဲတော်ကို ဒါယကာ၊ ဒါယိကာမများ စုပေါင်း၍ သံဃာ တော်များအား ဆွမ်းဆက်ကပ်ခြင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း နှင့် ကြွရောက်လာ ကြသော ဧည့်သည်တော်များအား မြန်မာ့ရိုးရာ ထမင်းဟင်း၊ အအေး၊ ဖျော်ရည်၊ မြန်မာမုန့်မျိုးစုံတို့ဖြင့် စုံလင်စွာ ဧည့်ခံကျွေးမွေးမည် ဖြစ်ပါသည်။
သို့ပါ၍ မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများအား ကုသိုလ်ယူ ပါဝင်နိုင်ကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်။
မင်္ဂလသုခကျောင်း စုပေါင်းကထိန်သင်္ကန်းကပ်လှူပွဲတော်ကို အောက်ပါ အစီအစဉ်အတိုင်း ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြား အပ်ပါသည်။
Created by mingalathukha on Thu, 10/18/2012 - 22:28
Created by mingalathukha on Mon, 09/10/2012 - 22:32
Created by mingalathukha on Mon, 07/09/2012 - 14:29
အနောက်သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့ မင်္ဂလာသုခကျောင်း၌ ရဟန်းသံဃာတော် အရှင်မြတ်တို့အား မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ၀ါဆိုသင်္ကန်း စုပေါင်းဆက်ကပ် လှူဒါန်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ကုသိုလ်ယူ ပါဝင်နိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
အလှူတော်မင်္ဂလာအစီအစဉ်
နေ့ရက် ၁၃၇၄ ခု၊ ဒုတိယ၀ါဆိုလဆန်း (၁၁) ရက်
၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက် (တနင်္ဂနွေနေ့)
အချိန် နံနက် (၉း၀၀) မှ နေ့လည် (၁း၀၀) အထိ
နေရာ 76 Templeton Crescent, Girrawheen
Perth, WA 6064
Pages