သာသနာ့ သောဘိဏီ သိမ်တော်ဖွင့်ပွဲ သိက္ခာထပ် ရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာ
အနန္တော၊ အနန္တငါးပါးတို့ကို ဦးထိပ်ထားပန်ဆင်လျှက် ကျေးဇူးရှင်များဖြစ်ကြသော နှစ်ဖက် ဘိုးဘွား မိဘများအား အမှူးထား၍ ဖိတ်ကြားအပ်ပါသည်။ ရန်ကုန်မြို့၊ တိပိဋက မဟာဂန္တဝင်နိကာယ် ကျောင်းတိုက်မှဘဒ္ဒန္တ ဝါယာမိန္ဒာ ဘိဝံသ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ၊ အဂ္ဂမဟာပဏ္ဍိတ ရေစကြို ဆရာတော်ဘုရားကြီး အား ဥပဇ္ဈာယ်ပြု၍ အဖွားဒေါ်စိန်ညွန့် နှင့် ဒေါ်ကြင်ဝမ်း တို့မှ ရေစကြို ဆရာတော်ဘုရားကြီး နှင့် ဦးပညာစက္က ၊ အရှင်တေဇနိယ တို့အား သိက္ခာထပ်၍ (ဦးမြအောင် + ဒေါ်ရွှေ) တို့၏သား ဦးပိုက်စွမ် ၊ (ဦးရှန်ခင် + ဒေါ်ဘိလျှန်) တို့၏သား ဒေါက်တာ စင်အောင်ချမ်း ၊ (ဦးစီလုပ်စိန်+ဒေါ်ယိုဘိအိုက်)တို့၏သားဦးဝင်းကြိုင်(ခ)WalterSee ၊ ဦးသိန်းထွန်း ဒေါ်သန်းသန်း တို့၏သား မောင်စည်သူထွန်း၊ ဦးဇော်ဝင်း + ဒေါ်ခင်သန်းအေး တို့၏သား မောင်အေးဇော် တို့အား ပါ့သ်မြို့ Girrawheen ရပ်ကွက်မင်္ဂလသုခပရဟိတကျောင်း သာသနာ့သောဘိဏီသိမ်တော်ကြီးအတွင်း၌ ဥပသမ္ပဒါကံဆောင်၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရှစ်ပါး ပရိက္ခရာ စုံလင်စွာဖြင့် သာသနာ့အမွေ သွတ်သွင်းချီးမြှင့်မည် ဖြစ်ပါ၍ အောက်ပါ အစီ အစဉ်အတိုင်း အလှူတော်မင်္ဂလာပွဲသို့ ကြွရောက်ကြပါရန် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
သာသနာ့ သောဘိဏီ သိမ်တော်ဖွင့်ပွဲ သိက္ခာထပ် ရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာ အစီအစဉ်
အလှူတော် မင်္ဂလာနေ့ရက် =၂၀၁၁ ခု၊ ဧပြီ်လ ( ၂၂ ) ရက် သောကြာနေ့
အလှူတော် မင်္ဂလာနေရာ = မင်္ဂလသုခ ပရဟိတကျောင်း 76, Templeton Crescent. Girrawheen
သိမ်ဆင်းလောင်းလှူချိန် = နံနက် ( ၁၀း၀၀ ) နာရီ သံဃာတော် ၁၀ ပါး
ဆွမ်းလောင်းလှူချိန် = နံနက် (၁၀း၃၀)
ဧည့်ခံကျွေးမွေးချိန် = နံနက် ( ၁၁း၀၀ ) နာရီမှ ( ၁း၀၀ ) နာရီ







