ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာစုပေါင်းထမနဲထိုးပွဲ
အနောက်သြစတြေးလျနိုင်ငံ၊ ပါ့သ်မြို့၊ မင်္ဂလသုခကျောင်း၌ ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပွဲကို ယခုလာမည့် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ (စနေ) နေ့လည် ၁ နာရီအချိန်တွင် စတင်၍ ကျင်းပမည်ဖြစ်ပါသည်။ ဖေဖေါ်ဝါရီလ ၅ ရက်နေ့ (တနင်္ဂနွေ) နံနက် ၉ နာရီမှ စတင်၍ ကြွရောက်လာကြသော မိတ်ဆွေသင်္ဂဟအပေါင်းတို့အား မြန်မာ့ရိုးရာထမနဲဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါသည်။ သို့ပါ၍ ပါ့သ်မြို့နှင့်အနီးပတ်ဝန်းကျင်မြို့များတွင် နေထိုင်ကြသော မိသားစုများ၊ ဆွေမျိုးမိတ်သင်္ဂဟများ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ပါဝင်ဆင်နွှဲကြပါရန် အထူးဖိတ်ကြားအပ်ပါသည်။
အစီအစဉ် အချိန် စုပေါင်းထမနဲထိုးပွဲ 04 Feb 2012 (စနေ) နေ့လည် ၁ နာရီ
ဧည့်ခံကျွေးမွေးပွဲ 05 Feb 2012 (တနင်္ဂနွေ) နံနက် ၉ နာရီ
နေရာ မင်္ဂလသုခကျောင်း 76 Templeton Crescent, Girrawheen, WA 6064
ဆက်သွယ်ရန်
ဦးတေဇနိယ 08 6364 3886
ဦးပညာစက္က 04 2157 6749
New Park Shopping Centre ဝင်းအတွင်း၌ ကားများရပ်နားနိုင်ပါသည်။







